WhErE eVeR wE aRe, ThE oNlY pLaCe We CaLl HoMe Is ArAkaN!

Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)

ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)

Friday, 27 November 2009

သငယ်နာမစင် အချစ်

စိတ်နောက်ကို
ခိုးရွှာလိုက်ချင်ရေ

နင့်ကို

ကြက်ပေါင် တိုက်ပီးနိန်ကတ်တေ .....။

နင့် အချစ်က
အစွာပိုင်စွာရောင်

အချေခါ
ဖင်မှာ ၀ဲပေါက်ပေါက်လို့ဂါ

ခံရရေ ငါ့မှာ
နှလုံးသားတိ နာ
သွီးတိရပ်
ခြီတိ၊လက်တိ
ဗြဗြန်းတုန်ရေ ဒေ........

နင်ဇာဖြစ်လို့

ငါ အသဲတိကို

မုန့်သန်း ထောင်းရေပိုင်
ထောင်း နိန်စွာလေ ချစ်ချေ ......

မိုင်ပေါင်း ယုဇနာက
အလွမ်းတိ ခြောက်ပိဿာ နန့်

အရှုးတစ်ပိုင်း ချစ်ငတ်ကြီးကို
စာနာ နားလည်ပီးဘလင်

ဘုသျှေ...............။


အေးမောင်(ရင်အုံတော်ဓာတ်)
၁၆၊၁၁၊၂၀၀၉

Read More...

ဆင်းရဲခြင်း၏သားကောင်များ

ဆင်းရဲခြင်း၏ သားကောင်များ
.....................................

(၁)
ဇာလူက စတိုက်လိုက်တေမီးလေ့ မသိ၊ သဘောက်ဇာတော တစ်တောလုံးလောင်ပါလားသည်။ ဒေသဘောက်ဇာတော ဆုံးလျှင် မြောက်ဘက်အစွန်းက ကောက်ရိုးပုံတိကို မီးစွဲလောင်လိမ့်မည်။ ကောက်ရိုးပုံတိ မီးစွဲလောက်ကျွမ်းလျှင် ပြာပုံဘ၀ ကိုချက်
ချင်းပြောင်းလဲလားသည်။ ပြာကို မိုးခါ ကျွဲမစား၊ အခင်ကြီး သံကြီးအောင် တစ်ယောက် ချွဲတိအလုံးလိုက်ကျလျက်၊ ဇွဲမချောဘဲ အိမ်းလှေးခက်နှင့် မီးကို ငြိမ်းသတ်ရန်ကြိုးစားနိန်သည်။ ကြည့်ရစွာ ရင်ဆာဖို့ ကောင်းပါသည်။ အငြိုးတကြီးနှင့် ဟြိ့ကို တိုးတိုး လာသော ဒေ မီးဟုန်ကြီးကို အိမ်လှေးခက်ချေတစ်ခက်နှင့် ဘဇောင်ဘင် အန်တု နိုင်ပါဖို့လေ့......။ ဂကောင်းမကြာလိုက် အခင်ကြီး သံကြီးအောင် အိမ်လှေးခက်ကို မီးဟုန်ကြီးက ဒေါသတကြီးနှင့် ၀ါးမျိုးလိုက်သည်။


အခင်ကြီးသံကြီးအောင်တစ်ယောက် မိမိ အသက်ကို ဖက်နှင့်ထုပ်လျက် မီးတောကြီးထဲက ပြီးလွှားထွက်လာလိုက်ရသည်။ ကံကောင်းသည် ခန္ဒာကို မီးမစွဲလီ။ လနှင့်ကြာအောင် ကျင်ကိုင်ခရသော သူပိုင်ဆိုင်သော ကောက်ရိုးပုံကြီး ၂ လုံး ၂ မိနစ်အတွင်း ပြာဘုံအဖြစ်သို့ ပြောင်း
လဲလားသည်။ အခင်ကြီး သံကြီးအောင် တစ်ယောက် မျက်ရည်ကိုသုတ်၊ လက်သီးဆုပ်လျက် အားမတန်လို့ မာန်လျော့လိုက်ရသည်။ ဇာတ်လမ်းကို ဒေလောက်နှင့် မတန်းသိမ်ပါ။ မိသားစုကို လုပ်ကျွေးနိန်သော သူ့ကျွဲတစ်ခြံ အသက်ဆက်ရေး အခင်ကြီးတစ်ယောက် သင်္ချာတွက်ရလီသည်။


(၂)
ဘ၀သည် အလွန်ဘင်ဆန်းကြယ်ပါသည်။ နားမလည်နိုင်မှုနှင့်လဲပြည့်နိန်ပါသည်။ ကံသည် အလုပ်ဟု ဘုရားကပြောပါသည်။ ဆင်းရဲလို့ မလှုနိုင်၊ မလှုနိုင်လို့ ဆင်းရဲသည်ဟု ဘုန်းကြီးတိ ဆုံးမတတ်သည်။ တစ်ခါတလီ ကံသည် အလွန်ဘင် နားလည်ရခက်တတ်ပြီး၊ အလုပ်ကို တနားလေ့ မငြိမ်းအောင် လုပ်နိန်ရေ လှုတိကိုဘင် ခြီနှုန်းသတ်ပနာ ဆင်းရဲအောင်ဖန်တီးပါသည်။ ကံ၏ ခဗြားသတ်၊ သရော်မှုအောင်တွင် ရခိုင်ပြည်ဟိ လောင်ဗွန်းရွှာက ရွှာသားတိ အလှုးအလဲခံရသည်။ မိုးထဖ (၅) နာရီမှ ထလျက် ညနိန် ၇ နာရီ အချိန်ထိ မနားမနိန် အလုပ်လုပ်ဂေလေ့ ဒေရွှာသားတိ ထမင်းတစ်လုပ်လုပ်ကို အနို်င်နိုင်စား၍ဘ၀ ဆက်ရသော အဖြစ်ကိုကြည့်လျင် ကံဆိုသည်မှာ အလုပ်ဟု ဆိုသော ဘုရားစကားကို တစ်စိချေလောက် ဘ၀င်မကျချင်ပါ။


ကျောင်းနိန်ပျော်၍စာတော်ရမည်ဟု ကြွေးကြော်ထားသော မြန်မာအစိုးရပညာရေး ဆောင်ပိုဒ်သည် ဒါချေခိုင်ရို့ မောင်နှမနှစ်ယောက်ရို့အတွက် အဖရိကတိုက်က လှုရိုင်းတိကို စတားဘတ်(ခ်) ကော်ဖီအကြောင်းလားပြောခီစွာနှင့်တူသည်။ ကြွေးကြော်ခြင်းသည် အာဏာဟိလူတန်းစားတိအတွက် ပါးစက ပြုတ်ကျလာသော အသီကောင် သနားခါးလူ ဖော်မျူလာတစ်မျိုးဖြစ်ကောင်းဖြစ်နိုင်ပါသည်။

၃၈ဒီဂရီစင်တီဂရိတ် အပှုချိန်သည် ဖဲသာဟိ၊ပညာတတ်လူတန်းစားတိအတွက် သီအောင်ဘင်
ပှုပြင်းသော်လည်း ဒါချေခိုင်ရို့မောင်နှမရို့အတွက် အိုအေစစ်ကို ယောက်ဖခေါ်သည့် ဖော်မျူလာ တစ်မျိုးဖြစ်သည်။ တတောက်ပှုသော နီရောင်အောက်တွင် ရီခမ်းငါးဟြာရသော လူသားတစ်ယောက် ၀မ်းရေးသည် ၁ နာရီလုပ်လျှင် ၁၀ ဒေါ်လာရသော ရခိုင်သားတစ်ယောက် ၀မ်းရေးထက် ဒဿနဆန်သည်ဆိုလျင် အကျွန်မှားပါဖို့လား။ နွီရာသီ ရီခန်းငါးဟြာရသော အလုပ်သည် ကမ္ဘာလောက် အန္တရာယ်များပါသည်။ အခိုက်မတန့်လျင် မြွီကိုက်၍ရပ်စောက် ချောလားနိုင်ပါသည်။


သရီဖိနပ်ဝယ်ဝတ်ရန် မြန်မာအစိုးရမှ သတင်းစာက တိုက်တွန်းနိန်သော်လည်း သတင်းစာဆိုသည်မှာ ဒါချေခိုင်ရို့အတွက် ကုလားဘက်မှာ ပဲစိနှင့်ဖက်စားရသော အရာဝတ္ထူတစ်မျိုးသာဖြစ်ပါသည်။ Safety First ဟုဆိုသောစာတန်းသည် ထမင်းကိုထင်းနှင့်ချက်၍ ဘ၀ ဆက်ရသော လူသားတစ်ယောက်အတွက် အလုပ်မဖြစ်ပါ။
ရခိုင့်ပင်လယ်အောက်တွင်ရှိနိန်သော သဘဘ၀ ဓာတ်ငွိ့သည် ကပ်စိနည်းသဌေး တစ်မျိုးဖြစ်ပါသည်။ ရီခန်းငါးရှာ၍ အသက်ဆက်ရသော ဒါချေခိုင်ရို့ မောင်နှမတိကို ရခိုင်သဘာဝ အရင်းအမြစ်များသည် အဖတ်မလုပ်ကတ်ပါ။



ဘ၀သည် အလွန်ဘင်ဆန်းကြယ်ပါသည်။ နားမလည်နိုင်မှုနှင့်လဲပြည့်နိန်ပါသည်။ ကံသည် အလုပ်ဟု ဘုရားကပြောပါသည်။ ဆင်းရဲလို့ မလှုနိုင်၊ မလှုနိုင်လို့ ဆင်းရဲသည်ဟု ဘုန်းကြီးတိ ဆုံးမတတ်သည်။ တစ်ခါတလီ ကံသည် အလွန်ဘင် နားလည်ရခက်တတ်ပြီး၊ အလုပ်ကို တနားလေ့ မငြိမ်းအောင် လုပ်နိန်ရေ လှုတိကိုဘင် ခြီနှုန်းသတ်ပနာ ဆင်းရဲအောင်ဖန်တီးပါသည်။

(၃)
အဖိုး မောင်သံလှု တစ်ယောက် ဒီဇင်ဘာလ အချမ်းတိကို ခြီနှုန်းသတ်ပနာ သူ့လက်စွဲတော်ရင်းတန်းကြီးကို ထမ်းလျက် ကျွဲကူးမြစ်ကမ်းကို ခြီဦးတည့်လာသည်။ ဖိနပ်မစီးနိုင်သော သူခြီထောင်များသည် သံတုန်းပိုင်မာသည်။ ဆီလီစူးနှင့် ဖက်ရန်စူးတိက အဖို့ မောင်သံလှု ခြီထောက်ကို အန်မတုဝံ့ကတ်။" ဆင်လားလမ်းမလို" ဆိုသော စကားပုံသည် လှုသားစင်စစ်ဖြစ်သော အဖိုးမောင်သံလူတွက် မှန်ကန်နိန်သည်ကို အံ့သြစွာတွိရပါသည်။

ဆက်ရန်..........။

အေးမောင်(ရင်အုံတော်ဓာတ်)

Read More...

Friday, 2 October 2009

အချစ်ငြိ

အချစ်ငြိ
...............

အမုဒ္ဒယ ကြိုးတစ်ပင်
ကမာငင်နိန်လို့
ယူဇနာ အသျူတစ်ရာ က
ငါ........
တဗျင်းလွမ်းနိန်ရရေ....

သိုက်လိုက်ခံလိုက်ရရေ
ငါ နှလုံးသား ...

စပါးကြီးမြွီ ညို့ခံထားရရေ
ကြက်မချေပိုင်
ဇာကိုဘင် လားလား
နင့်မျက်နှာ

ငါ.... ရင်မှာ.....
လ တစ်ရာ ပ လို့..........

အော်.........အချစ် အချစ်
တူးလားကေလေ့
ဝဲမသတ်နိုင်

ခါး --လားကေလေ့
ချောကလက်ချေပိုင်
ငါ မျိုချ မိနိန်ရေ ဂါ..........

ငါ ...ရေ
ရီမျိုး ကမ်းတင်
ကောက်ဆရီပင် ချေ တစ်ပင်

ယကေလေ့.....

နင်နန့်ကျမှ
ငါ့ နှလုံးသားတိ
ရမ်းပေါက်တိုက်ပနာ
အညာရီပေါက်ကေလေ့

အဂုကျမှ
ငြိမှာ ကပ် ကပ်လို့ .....................။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၈၊၀၉၊၀၉(၂၀:၄၀)

Read More...

Saturday, 12 September 2009

ရခိုင့် အသိစိတ် တိုးတက်ပြောင်းလဲခြင်း
................................................

ဘီစီ ၆ ရာစုအလယ်၌တည်းထားကိုးကွယ်ခသော မဟာမြတ်မုနိကိုယ်ပွားတော်မြတ်ရာဇ၀င်ကိုရခိုင်လူမျိုးတိုင်းသိကတ်သည်။ မြတ်ဘုရားသျှင်သည် သေလာဂီရိခေါ်ကျောက်တော်တောင်ထိပ်တွင်ရပ်နားတော်မှုလျက် ရက္ခပှုရတိုင်းဓညအား ဗျာဒိတ်တော်
မွတ်ကြားသည့်အထောက်ထားတိကို ရခိုင်တောင်ပေါက်ကြီးကျောက်စာများတွင် မှတ်တမ်းတင်ထားခကတ်သည်။ မြတ်ဘုရားရောက်ခြည်တော်ကို ရခိုင်၊ ရဟန်း သျှင်လှုရို့ ကြည်ညိုမဆုံးဖြစ်နိန်ကတ်ပုံကို မျက်စိနှင့်မှန်းကြည့်လျှင်ဘင်ကြည်နှုးမူတိဖြစ်မိသည်။
ယင်းသို့သော ဟြည်လျားလှသည့်တချိန်တစ်ခါက ကြွီးသွန်းရုပ်ထုတော်ကြီးကို ရက္ခပှုရသားတိ သွန်းလုပ်ခကတ်သည့်သမိုင်းတစ်ရပ်သည်ကမ္ဘာ့လူသားများဆိုင်ရာ အသိညာဏ်တိုးတက်ပြောင်းလဲပုံနှင့်ဆက်စပ်ယူသင့်ပါသည်။ ကြွီးသွန်းအတတ်ပညာများမဟိသလောက်ယှားပါးနိန်သော ထိုခောတ်ထိုအခါက ရခိုင်လှုမျိုးများသည် ယင်းသို့သော လက်ရာမြောက်သည့်ရုပ်ထုတော်မြတ်ကြီးကို သွန်းလုပ်နိုင်သည်ကိုသုံးသပ်လေ့လာကြည့်လျှင် ရခိုင်များ၏ အသိညာဏ်တိုးတက်ပြောင်းလဲမှုသည် အံ့မခန်းပင်ဖြစ်ပါသည်။

လှုသားများ၏ အသိညာဏ်ပြောင်းလဲတိုးတက်ပုံကို ရောင်ပြန်ဟပ်နိုင်သော ကမ္ဘာပေါ်မှ အခြားသောအထောက်အထားများမှာ 2750 BC ခန့်လောက်ကတည်ထားခသော ပီးရမစ် များဖြစ်ပါသည်။ ပီးရမစ် တည်ထားမှုရို့သည် အနှပညာလက်ရာ အလွန်ပင်
အဆင့်မြင့်လှပြီး၊ဆောင်လုပ်မှုဆိုင်ရာ အတတ်ပညာမှာလည်း အသားပါလှသည်။ အဆာက်အဦးတစ်ခု ဆောင်လုပ်လျှင် ဆောက်လုပ်သည့် အတက်ပညာနှင့် အနှပညာသာမက၊ Team Work လို့ခေါ်သော အတူတကွပှုပေါင်းလုပ်ဆောင်မှုတိ ရော
ထွီးနိန်သည်။ လှုသားသဘာဝ အရ ပှုပေါင်းလုပ်ဆောင်မှ ဇာအရာမဆိုအောင်မြင်နိုင်ပါသည်။ ပှုပေါင်းလုပ်ဆောင်ကတ်ရန်လေ့လူသားများ၏အသိသဘာဝစိတ်မှ လှုံ့ဆော်ပီးတတ်သည်။ ဒေနိန့် ကမ္ဘာကြီးသည်ဒေပိုင်ခောတ်မှီတိုးတက်လာသည်မှာလူသားများ၏ပှုပေါင်းလုပ်ဆောင်ခြင်း၏တစ်ဒေသရလတ်ဟုဆိုလျှင
်ဇာသူကမှမငြင်းနိုင်ပါ။

ဘီစီ ၆ရာစုဆိုသောအချိန်သည် ကမ္ဘာပေါ်ထက်က လူသားများတိုးတက်မှုအစမဟုတ်ပါ။ ထိုအချိန်ထိုအခါက အကျွန်ရို့ကမ္ဘာကြီး၏ တစ်ခုလုံး တောနက်များဖုံးလွှမ်းနိန်လိမ့်မည်။ လူသားများအများစုသည် အမဲလိုက်ခြင်းဖြင့်အသက်ဆက်ခွင့်တာဝန်ကိုထမ်း
ဆောက်ထားကတ်လိမ့်မည်။ကမ္ဘာကြီး၏များစွာသောတိုင်းပြည် သို့မဟုတ် လှုမျိုးစုအနွယ်များသည် တသီးပုဂ္ဂလ နိန်ထိုင်လျက်ဟိကတ်လိမ့်မည်။ ယဘင်ယကေလေ့ ရခိုင်များ၏ အတူတကွ ပှုပေါင်းပါဝင်လုပ်ဆောင်ခြင်း၊ လှု့ကျင့်ဝတ်များချမှတ်ခြင်း၊
အနှပညာနှင့် ဆောက်လုပ်ရေးအတက်ပညာများသည် ထိုခေတ်ထိုအခါနှင့်နှိင်းလျှင် မယုံလောက်အောင်ဘင်တိုးတက်ပြောင်းလဲနိန်သည်။ ယင့်ချင့်တောင်မကသိမ့်ဘဲ ရခိုင်များသည် ထိုရာစုမတိုင်ခင်ခါကင် မြို့ပြနိုင်ငံများတည်ထောင်နိုင်ခကတ်သည်။ ဘီစီ၆ရာစုနှောင်းပိုင်းကာလများတွင်ရခိုင်အတွေးအခေါ်များသည် ဒေနိ ရခိုင်လူ့အဖွဲအစည်း၏နီထိုင်ပုံကိုဘင်သက်ရောက်လျက်ဟိမ့်သည်။ ဗုဒ္ဒ၀ါဒ အခြေခံသော လူ့ကျင့်ဝတ်များသည်ရခိုင်လူ့အဖွဲ့အတွင်း ဘီစီ ၆ရာစုကပင် အစပျိုးလာသည်ဆိုလျှင် အကျွန်မငြင်းပါ။

ရခိုင့်အသိစိတ်တိုးတက်ပြောင်းလဲမှုတွင်မြောက်ဦးခေတ်တွင်ထိပ်ဆုံးကိုရောက်ဟိလာသည်။မြောက်ဦးခောတ်ရခိုင်အတွေးအခေါ်များသည
်အိမ်နီးချင်နိုင်ငံများနှင့် အနောက်ဥရောပနိုင်ငံတစ်ချို့ဘင်အကိုင်းသတ်နိုင်ကြောင်းသမိုင်းတိကဖော်ပြပါသည်။
မြေက်ဦးခေတ်တွင် ရခိုင်စာပီ၊အနှပညာ၊ဂီတ စသဖြင့် ဘက်စုံက တိုးတတ်လာခသည်။ ရခိုင်စာပီနှင့် ရတု၊လင်္ကာများသည် ရိုးမကိုကျော်လျက်မြန်မာပြည်ကိုဘင်လှုပ်ကိုင်နိုင်ခသည်။ အိမ်ဟြိ့စံမင်းခမောင်း၏ အထိမ်းတော်ကြီးဖြစ်သော ဥက္ကာပျံအမတ်
အား ရခိုင်သံတမန်အနိန်ဖြင့်အင်းဝကိုရောက်စဉ် မြန်မာဘုရင်က ရာဇသင်္ကြန်နာမည်ဖြင့် မြှောက်စားဖှုးသည်။ အဂုခေတ် ဒီမိုကရေစီဟုထင်ယှားလာသော အတွေးအခေါ်စနစ်တစ်မျိုးသည် ရခိုင်မြောက်ဦးခေတ်တွင် ဟြင်သန်နီကြောင့်လေ့လာသိဟိရသည်။
ဥက္ကာပျံမှ အင်းဝပဒေသရာဇ် စနစ်ကိုမကြိုက်၍ဝေဖန်သည်ကို အမျက်ထွက်တော်မှုသော မြန်မာအင်းဝ ဘုရင်သည် ဥက္ကာပျံအား မြေက်ဦးသို့ အယင်ပြန်ခိုင်းဖှုးသည်။ ယင်းကဲ့သို့ အထောက်အထားတိကိုသုံးသပ်ခြင်းအားဖြင်း ရခိုင်ရို့အုပ်ချုပ်ပုံစနစ်
သည် တစ်ခြားအိမ်နီးချင်းနိုင်ငံများနှင့်ကွာခြားမှုဟိလိမ့်မည်။

ဆောက်လုပ်မှုဆိုင်ရာအနှပညာဘက်တွင်လည်း ရခိုင်ရို့သည်အံ့မခန်းတိုးတက်ပြောင်းလဲနိန်ကြောင်းသမိုင်းတိက ပြောပြနိန်ပါသည်။မြောက်ဦးခေတ်အဆက်ဆက်ကတည်ထားကိုးကွယ်ခသော ဘုရား၊ပုထိုး၊သိမ်တော်များ၏ ဆောက်လုပ်မှုဆိုင်ရာစွမ်းရည်သည် ကမ္ဘာတွင်စံတင်လောက်နိုင်သည်။ ကျောက်တုံး၊ကျောက်စိုင်များနှင့်တည်ထားကိုးကွယ်ခသော ထိုပုထိုးတော် အဆူဆူရို့သည် ရခိုင်များ၏ အသိစိတ်တိုးတက်ပြောင်းလဲမှုအဆင့်ဆင့်သက်သီများဖြစ်သည်။ ထုက္ကန်ပုထိုးတော်ကြီးတည်ဆောက်ပုံကိုအနောက်နိုင်ငံကပညာသျှင်တစ်ချို့ကပင်ချီးကျူးထားပြီးရခိုင်များ၏တိုးတက်ခပုံသည်
မခေကြောင်းမှတ်ချက်ပြုကတ်သည်။

အေးမောင်(ရင်အုံတော်ဓာတ်)
၁၁၊၀၉၊၀၉

Read More...

Friday, 28 August 2009

ဘရဘရေ ပြိုကွဲသောအခါ

ဘရဘရေ ပြိုကွဲသောအခါ
................................

ပြည်တွင်းစစ်ဖြစ်ပွားမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ခပြားသတ်အာဏာသိမ်းယူမှု များသည် တိုင်းပြည်တစ်ပြည်အား ကင်ဆာလိုက်စားပိုင် ဆယ်စုနှစ်အတွင်းဆားမရ၊ရီမရ ဘရဘရေ ပြိုကွဲမှုတိဘက်ကို ဦးတည်ဇီသည်။ တိုင်းပြည်တစ်ပြည်ကျဆုံး
နီသည်ကို လိမ်ညာ၍မရနိုင်ပါ။ဘဇာကြောင်းဆိုသော် ထိုအရိပ်အရောင်များသည် ပြည်သူများ၏ မျက်လုံးတွင်ရောင်ပြန်ခတ်နီခြင်းကြောင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် တစ်ဘီလီယံမျှသော လူထုသည် ဘရဘရေ ပြိုကွဲမူ၊အရိပ်အန္တရာယ်သန်းနီသော တိုင်းပြည်များတွင်နီထိုင်လျက်ဟိကတ်ပါသည်။

တစ်ချို့သော တိုင်းပြည်ဂေါင်းဆောင်များသည် မိမိရို့၏ တိုင်းပြည်တစ်စိတ်တစ်ပိုင်းကို ပြိုင်ဘက်တိလက်သို့ရီစက်ချထားရပြီး တိုင်းပြည်၏မြို့တော်တိကိုရာ တွယ်ကပ်ထားရသည်။ အစိုးရအများစုသည် ပြည်သူများ၏ အခြေခံလိုအပ်ချက်တိကိုပင်လုပ်ပီးနိုင်စွမ်းမဟိကတ်ပါ။ လုပ်လဲလုပ်ပီးချင်စိတ်မဟိကတ်ပါ။ အစိုးရအများစုသည် အာဏာအလွဲသုံးစာလုပ်မှု၊ အကျင့်ပျက်လာဘ်စားမှုများနှင့် ခြီတိုင်ယိုင်နီကတ်သည်။ ယင်းကဲ့သို့ တည်ငြိမ်မှုမဟိသော တိုင်းပြည်သည်တွင်းဆုံးကျမည်လက္ခဏာဘက်ကိုဦးတည်နီသည်။ ထိုသို့သောတိုင်းပြည်များသည် ကမ္ဘာကြီး၏ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နီသောဗြောက်အိုးစနက်တန်များလည်းဖြစ်သည်။

ယင်းသို့သောတိုင်းပြည်များသည် အကြမ်းဖက်ဝါဒ၊ရာဇ၀တ်ဂိုင်းတိနှင့်မျက်ကန်းနိုင်ငံရေးအဖွဲ့အစည်းတိပေါက်လာဇီရန် ကြက်ဥအပှုပီကိရိယာတိနှင့်တူသည်။ ယင်းသို့သောအဖွဲ့အစည်းများသည် ထိုသို့သောတိုင်းပြည်များ၏အားနည်းချက်ကို မိမိရို့၏အခွင့်အရေးအထူးအဖြစ်မြင်တတ်ကတ်သည်။ ဥပမာ ပြရလျှင်မြန်မာနိုင်ငံ၏မတည်မူတိကိုအခွင့်ကောင်းယူလျက် ရခိုင်ပြည်အား နှစ်ပိုင်းပိုင်းရန်ကြံနီသော မူဆလင်အုပ်စု(ရခိုင်အခေါ် ကုလား)၊ဆိုမားလီးယားမှ အကြမ်းဖက်အဖွဲ့များ၊အာဖကန်မှာ တာလီဘန် စသည့်အဖွဲများပါဝင်သည်။

ပထ၀ီအနီအထားများသည်လည်းတိုင်းပြည်တစ်ပြည် ဒဏ်ရာရလွယ်၍ မတည်ငြိမ်မူတိဘက်သို့ရပ်စောက်ကျလားဇီနိုင်သည်။ တည်ငြိမ်မှုမဟိသောအိမ်နီချင်းနိုင်ငံများကြောင့်လည်းတိုင်းပြည်တစ်ပြည်သည်အန္တရာယ်ရင်ဆိုင်ရနိုင်သည်။ အီရတ်စစ်ပွဲများ
ကြောင်း ဒုက္ခသည်အညာရီပေါက်မူများကိုဆီရီးယား နိုင်ငံကခံစားသည်များကိုသုံးသပ်ကြည့်ပါ။ အကျွန်ရို့နှင့်အပါးဆုံးဥပမာမှာ ထိုင်းနိုင်ငံတွင်းသို့ မြန်မာ၊ရခိုင်ဒုက္ခသည်များအညာရီပေါက်မှုဖြစ်သည်။ လူဦးရေအလွန်တရာများပြားလှသော ဘိန်းကလားဒေ့ခ်ျနိုင်ငံ
သည် အထူးစပါယ်ချယ်စိန်ခေါ်မှုတိကိုရင်ဆိုင်နီရသည်။ အကျိုးဆက်များအဖြစ် ထိုစိန်ခေါ်မှုများကိုအကျွန်ရို့ရခိုင်ပြည်ကလည်းခါးစီးခံနီရသည်။ ကမ္ဘာပေါ်ဟိ ချပ်(ဒ်)နိုင်ငံသည်လည်း နိုင်ငံ၏အခြေခံစီးပွာရေးမှုတိချက်မှတ်ရာတွင် အယှုံးတိနှင့်ရင်ဆိုင်နီရသည်။

မြေသြဇာမကောင်းမှု၊ရီရဟိမှုနည်းပါးမှုဟိသောကုန်းမြင့်နိုင်ငံများသည်လည်းနိုင်ငံ၏လိုအပ်ချက်တိကိုဖြည့်ဆည်းနိုင်ရန်စိန်ခေါ်မှုတိနှင့်
ရင်ဆိုင်ရတတ်သည်။ သံယဇာတပေါကြွယ်ဝသော ကမ္ဘာပေါ်ဟိ ရခိုင်ပြည် နှင့် ကွင်ဂို တိုင်းပြည်များသည်ထိပ်တန်းမှအဖယ်ခံထားရသည်။ စွမ်းအင်ကြယ်ဝမှု၊ကျောက်သံပတ္တမြားပေါများခြင်းများသည် တိုင်းပြည်၏ တကိုယ်ကောင်းဆန်သော လှု့မလိုင်အတန်းအစားတိအကြား ဟခရီကျပြိုင်ဆိုင်မူတိဘက်ကိုဦးတည်ဇီကာနောက်ဆုံးတွင် တိုင်းပြည်သယံဇာတကျိန်စာသင့်မှုတိနှင့်ကျင်ကိုင်ကတ်ရသည်။

ယဉ်ကျေးမှုနှင့်သမိုင်းဆိုင်ရာ တင်းကြပ်နီသောအခြေအနီများကြောင်းလည်းတိုင်းပြည်တွင်းပြဿနာများယှုပ်ထွီးစီနိုင်သည်။ အာဖရိကတိုက်၏ထိပ်တန်းငါးနိုင်ငံသည်အကောင်းဆုံး သက်သီဖြစ်သည်။ " ကိုလိုနီနယ်ချဲ့ရို့ ဆီးဆောက်ကရောက် မြေတိုင်း
တာသတ်မှတ်မူတိစွာ လူမျိုးစုတိအကြား သဘာဝမကျရေ ပြည်နယ်တိဖြစ်ပေါ်ဇီပါရေ" ဟု Fund Of Peace အဖွဲဥက္ကဌ Paulline H.Baker မှပြောသည်။ ယင်းသို့သော နယ်မြေများသည် လူတစ်ဦးစီ၏ နိုင်ငံသားအဖြစ်ပေါ်လွင်လာမှုနှင့် စစ်မှန်သောအစိုးရ
တစ်ရပ်အဖြစ်ရပ်တည်လာမှုကို အားမပီးဘဲ အာဏာပိုင်များထာဝရဟြင်သန်ရေးကို ဇန်းဘွတ်ကိုင်တတ်သည်။ အဖရိကတိုက်၏တိုင်းပြည်တစ်ပြည်ဖြစ်သော ဆီနီဂေါ သည်ကိုလိုနီရို့၏အောင်မြင်သော သီတမ်းစာ တစ်ရွက်ဖြစ်သည်။ " သိသာတိုးတက်တေ၊ခေါင်းဆောင်မူတိဟိကေ တိုင်းပြည်တစ်ပြည်ရေ အကျိုးအမြတ်ဖြစ်ထွန်းနိုင်ပါရေ" ဟု Mr.Baker မှထပ်ပြောသည်။

အဂွင့်ဂွင့်မှန်ပါသည်။ တိုင်းပြည်တစ်ပြည်၏ တည်ငြိမ်အီးချမ်းမှုကိုဖန်တီနိုင်ခြင်းသည် အုပ်ချူပ်သူအစိုးရပေါ်တွင်လုံးဝမှုတည်နီပါသည် ဟုနိုင်ငံရေးသိပ္ဖံပညာသျှင် D.College ကပြောပါသည်။ အစိုးရတစ်ရပ်အနိန်ဖြင့် တရားမျှတ၍တိကျခိုင်မာမှန်ကန်
သောမူဝါဒရေးရာများချမှတ်ခြင်းဖြင့် အလားလာဟိသောနိုင်ငံတွင်းရင်းနှီးမြှပ်နှံမှုများကိုလင်သျှာဆိုနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်လက်နက်ကိုင်ပုန်ကန်မှုတိကိုလျော့ပါးလားစီနိုင်သည်။ ကမ္ဘာဘဏ်နှင့် ကုလသမ္မဂ ကဲ့သို့သော အဖွဲ့များမှ အကူအညီ
ရယူခြင်းသည်လည်း နှမ်းထွက်နှင့်မှန်ချက်ကိုက်ချင်မှကိုက်နိုင်ပါလိမ့်မည်။ ယေဘင်ယေကေလေ့ ကမ္ဘာပေါ်တွင် အိန္ဒယနှင့် တောင်အာဖရိကနိုင်ငံများသည် စိတ်လှုပ်သျှားဖွယ်ကောင်းသောဇာတ်လမ်းတွဲများနှင့်အောင်မြင်မှုရနီကတ်သည်ကိုမငြင်းနိုင်ပါ။

ကုလတပ်များမှစစ်ရေးစစ်ရာများနှင့်နိုင်ငံတစ်နိုင်ငံတည်ငြိမ်ရေးကိုဝင်ရောက်ကယ်တင်ခြင်းတည်းဟုသောအဓိပ္ဖာယ်ဆောင်သည်ပန်းချီးကားချပ်ကို
အယင်စလိုမဆွဲသင့်ပါ။ ပဇာကြောင့်ဆိုသော် ယင်းပန်းချီကားချပ်သည်အမိုက်ပုံးနှင့်မိတ်ဆက်ရနိုင်ပါသည်။
ထိုသို့ပြူမှုခြင်းကြောင့် အိပ်ပေါက်နှင့်ဖားကောက်ခရသော ကမ္ဘာဂြိုလ်ပေါ်မှ ခြောက်နိုင်ငံ၊ခုနှစ်နိုင်ငံတိထဲတွင် အီရတ်နှင့်အာဖကန်နီစတန်နိုင်ငံတိပိုင်မသေချာ မရေရာမူတိနှင့်ထိပ်တိုက်တိုးလားနိုင်ပါသည်။ နောက်တစ်နိုင်ငံက ဆိုမားလီးယား ပါ။ ပထ၀ီအနိန်အထား၊သမိုင်းဆိုရာနှင့်မျိုးနွယ်ပြဿနာတိနှင့် ကျင်ကိုင်နီရသော ဆိုးမားလီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင်ဆွဲဆောင်မူ၏တောင်တဘက်ကိုရောက်နီသည်မှာ အဆန်းမဟုတ်ပါ။

ယေကေလေ့ ဒေနီရာတွင်မီးစရာတစ်ခုပေါ်လာပါသည်။ မိမိ၏ပိုင်နက်အားလုံးကိုမထိန်းချုပ်နိုင်သော ကိုလုံဘီယာနိုင်ငံ ကျဆုံးနီပါလာ?? ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲတွင် သွီးထွက်သံယိုသတ်ဖြတ်မူတိနှင့်ခါးသီးစွာရင်ဆိုင်ခရသော ကန်ညာနိုင်ငံသည် ကမ္ဘာကျဆုံးမှုအလားအလာဟိတိုင်ပြည်ဇယား ၂၆ မှ ၂၄ သို့ ဒေနှစ်တွင်ခုံတက်လိုက်သည်။ ယဘင်ကလေ့ ပြောင်မြောက်သော ကင်ညာစီးပွားရေးလုပ်ငန်းသျှင်များ၏ထုက္ကန်မှုများသည်တိုင်းပြည်၏ အနာဂတ်ကျဆုံးမှုကိုဇာလောက်အာမခံချက်ပီးနိုင်ပါဖို့လဲ။

သတိကြီးသောတိုင်းပြည်တစ်ပြည်၏ပညာတတ်များသည် ဆီးဆောက်ကရောက်ဆုံးဖြတ်ချက်တိကို စောင့်ကြည့်နီတတ်ပါသည်။ လူအများစုသည်တိုင်းပြည်တစ်ပြည်၏ သမိုင်းကြောင်းဆိုင်ရာသဘွတ်အူပြဿနာတိကို အလွယ်ချေမိပျောက်တတ်သည်ဟု
ဟာဝါယီသက္ကသိုယ်မှ ပါမောက္ခ Mr.Tarcisius Kabutaulaka ကပြောပါသည်။ "ကမ္ဘာအင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တေ အမေရိကန်နိုင်ငံစွာရေ ပြည်တွင်းစစ်ဖြစ်လို့ ပြာဘုံဘ၀ကနိန် ရုံးထလာရစွာပါ၊ တစ်ခြားနိုင်ငံတိကိုလည်း အချိန်တိုအတွင်းမှာ
သွီးထွက်သံယိုမှုမဟိဘဲ အကျွန်ရို့ပိုင်နိုးထစီချင်ပါရေ။ အကျွန်ရို့မူဝါဒရေးရာတိကို မွီးစပ်ကြည့်ပြီးကေ လေးဘက်လေးစိက သုံးသပ်ကြည့်စီချင်ပါရေ" လို့ သူကထပ်ပြောခသည်။

နောက်ဆုံးဘိတ်ပြောရမည်ဆိုလျှင် နိုင်ငံတစ်နိုင်ငံကျယှုံးနိန်လာ၊မနိန်လာဆိုစွာကို ယင်းနိုင်ငံက ပြည်သူတိအဖြေက အသင့်တော်ဆုံးဖြစ်ပါလိမ့်မည်။ သူရို့မျက်လုံးတိက "ငါရို့တိစွန့်ပစ်ခံထားရယာ" သို့မဟုတ် " စီရင်ချက်တိ ရှင်သန်လာယာ" ဆိုခကတ်ကေ။

ကျေးဇုတင်ပါသည်။
2009,September လထုတ် National Geographic မှ Robert Draper ရွီးသားသော When Things Fall Apart ဆောင်းပါးကို အကျွန်၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့်ပေါင်စပ်ဘာသာပြန်ထားခြင်းဖြစ်သည်။
(ဒေဆောင်းပါးကိုကြိုက်တေပိုင်မျှဝီနိုင်ပါသည်။)

အေးမောင်(ရင်အုံတော်ဓာတ်)
၂၈၊၀၈၊၀၉

Read More...